A d v e r t i s e m e n t With Us

ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လို

ဓာတ်ပုံ - CHELSEA FC
ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ်ဟာ မိသားစုနဲ့အတူ အချိန်ပေးချင်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ကော့တွိုက်စ်အတွက် တပတ်လုပ်ခ ပေါင် ၁ သိန်းထက် ပိုပေးပြီး ခေါ်ယူချင်ပေမယ့် ကော့တွိုက်စ်ကတော့ ပိုက်ဆံထက် မိသားစုအခြေအနေအရ ပြောင်းရွှေ့ချင်တာဖြစ်တယ်လို့ ဆိုပါတယ်။ ကော့တွိုက်စ်ဟာ ချဲလ်ဆီးအသင်းမှာ ၁၅၄ ပွဲကစားပြီး ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရရှိထားပါတယ်။ ဒါ့အပြင် ကော့တွိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ၁၉ ပွဲဆက် ပေးဂိုးမရှိတဲ့စံချိန်ကို ရရှိထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up