သော်တာဆွေ ဝတ္ထုကို ဝါရင့်သရုပ်ဆောင်များဖြင့် ရိုက်ကူးထားသည့် ပြန်ပေး ရုပ်ရှင် (နမူနာ)
DVB
·
August 6, 2018
နာမည်ကြီး စာရေးဆရာကြီးတဦးဖြစ်တဲ့ သော်တာဆွေရဲ့ ဝတ္ထုကို ပုံဖော်ရိုက်ကူးထားတဲ့ ပြန်ပေး အမည်ရတဲ့ ရုပ်ရှင်ကားကို လက်ရှိ ရုံတင်ပြသနေပါတယ်။
ဒီကားကိုတော့ မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာဖြစ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ ကျေးလက်သဘာဝ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး နေစိုးသော်က ဇာတ်ညွှန်းခွဲပေးထားတာ ဖြစ်ပါတယ်။
ရွာတရွာထဲမှာ ဂျင်လိုလည်တဲ့အတွက် ဂျင်းမောင်ဖုန်းလို့ အမည်တွင်တဲ့သူရယ်၊ သူနဲ့အပြိုင် ဂျင်ပေါ်က ထုံးဖြစ်ချင်လို့ ထုံးမောင်လှလို့ နာမည်ပေးထားတဲ့ သူတယောက်ရယ်၊ ရွာက အုပ်ချုပ်ရေးမှူးတယောက်ဖြစ်တဲ့ ထုံးပေါ်က ဖြုတ်ကြီးဆိုသူရယ် အချင်းချင်း အပြိုင်ကြဲပြီး ဘယ်လို လူလည်ကျကြသလဲ ဆိုတာတွေကို ဟာသနှော ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကား နမူနာကိုတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ဒီကားထဲမှာ ဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရန်အောင်၊ လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ မိုးဟေကိုတို့နဲအတူ တခြားဟာသသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။