ဆွစ်ဇာလန်တွင် ခေတ်ဟောင်းလေယာဉ်တစီး တောင်နံရံနှင့်ဝင်တိုက်မိပြီး ပျက်ကျ၊ လူ ၂၀ သေဆုံး

ဆွစ်ဇာလန်နိုင်ငံမှာ သြဂုတ် ၄ ရက်နေ့က ခေတ်ဟောင်းလေယာဉ်တစီး တောင်နံရံနဲ့ ဝင်တိုက်ခဲ့တာကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူ အယောက် ၂၀ စလုံး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၉ ဦးတို့ ဖြစ်ကြပြီး အများစုဟာ ဆွစ်ဇာလန်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဆွစ်ကုမ္ပဏီ Ju-Air က လုပ်ငန်းလုပ်ကိုင်တဲ့ Junkers Ju-52 လေယာဉ်ဟာ ရုပ်ရှင်ရိုက်ကူးရာ အယ်လ်ပိုင်း အပန်းဖြေစခန်း အထက်ရှိ ပီဇာဆစ်ညာ တောင်နံရံကို ဝင်တိုက်မိခဲ့တာပါ။ လေယာဉ်ပျက်ကျပြီးနောက် အဲဒီကုမ္ပဏီဟာ လေယာဉ်ပြေးဆွဲမှုကို ခေတ္တရပ်ဆိုင်းခဲ့တယ်လို့ ဗွီအိုအေသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up