ဘောလုံးသမား အပြောင်းအရွှေ့သတင်းများ
DVB
·
August 5, 2018
အဲလက်ဗီဒယ်
ဘာစီလိုနာတိုက်စစ်မှူး အဲလက်ဗီဒယ်ဟာ အသင်းဟောင်းဆီဗီလာကို ယူရို ၈ ဒသမ ၅ သန်းအပေါင်း ဘောနပ်စ်နဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီလို့ စပိန်အားကစားသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၂၈ နှစ် အရွယ် ဗဒယ်ဟာ ဆေးစစ်မှုခံယူအပြီးမှာ အသင်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုမယ်လို့လည်း ဆီဗီလာအသင်း ဝက်ဆိုဒ်မှာကြေညာပါတယ်။
ဗီဒယ်ဟာ ၂၀၁၅ ခုနှစ်မှာ ဆီဗီလာအသင်းကနေ ဘာစီလိုနာအသင်းကို ယူရို ၁၈ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ကတ်တလန်အခြေစိုက်ကလပ်မှာ ၄၉ ပွဲ ပါဝင်ကစားခဲ့ကာ ဆုဖလားရှစ်ခုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဂျက်ဖာဆန်လာမာ
ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းဟာ လီဗန်တေးကွင်းလယ်လူ ဂျက်ဖာဆန်လာမာကို ကလပ်စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် ၂၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဘီဘီစီသတင်းမှာဖော်ပြပါတယ်။
လာမာဟာ ဒီရက်ပိုင်းအတွင်းမှာ ဘုန်းမောက်နဲ့ ဆေးစစ်မှုခံယူမှာဖြစ်ပြီး သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေနဲ့ အလုပ်လုပ်ခွင့်ပါမစ်တွေတော့ အပြီးသတ်ဖို့ ကျန်ရှိနေပါသေးတယ်။
လာမာအတွက်သုံးတဲ့ ပေါင် ၂၅ သန်းဟာ ဘုန်းမောက်အသင်းအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးအသစ်ဖြစ်ပြီး အရင်စံချိန်ဟောင်းကတော့ နာသန်အကီကို ချဲလ်ဆီးကနေ ခေါ်ယူခဲ့တဲ့ ပေါင်သန်း ၂၀ ပဲဖြစ်ပါတယ်။
အာမက်မူဆာ
တိုက်စစ်မှူး အာမက်မူဆာဟာ ဆော်ဒီအာရေးဗီးယားကလပ် AL-Nassr ကို ပြောင်းရွေ့သွားခဲ့ပြီလို့ လက်စတာအသင်းက အတည်ပြုထုတ်ပြန်ပါတယ်။
မူဆာဟာ အမြဲတမ်းစာချုပ်နဲ့ အသင်းပြောင်းရွှေ့သွားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
မူဆာဟာ လက်စတာအသင်းကို ရုရှားကလပ် စီအက်စ်ကေအေမော်စကိုကနေ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ နိုင်ဂျီးရီးယားလက်ရွေးစင်မူဆာဟာ လက်စတာအသင်းအတွက် ၃၂ ပွဲပါဝင်ကစားခဲ့ပြီး ငါးဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
ရာဖေးလ်ဗန်ဒါဗတ်
ရီးရဲလ်နဲ့ စပါးအသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း ရာဖေးလ်ဗန်ဒါဗတ်ဟာ ဒိန်းမတ်ကလပ် အက်စ်ဘာ့ဂ်ျအက်ဘီအသင်းကို တစ်နှစ်စာချုပ်နဲ့ ရောက်ရှိသွားခဲ့ပြီလို့ သိရပါတယ်။
အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဒိန်းမတ်ကလပ်အသင်းတသင်းဖြစ်တဲ့ အက်ဖ်စီမစ်တယ်လန်းအသင်းမှာ ကစားခဲ့တာဖြစ်ပေမယ့် ခြေစွမ်းပြနိုင်ခြင်းတော့မရှိပါဘူး။
ဗန်ဒါဗတ်ရဲ့အသင်းသစ်ဟာ ဒီနှစ်ရာသီမှာမှ တန်းတက်လာတဲ့အသင်းဖြစ်ပြီး နယ်သာလန်လက်ရွေးစင်ကစားသမားဟောင်းကြီးကတော့ အသင်းသစ်မှာ နံပါတ် ၁၀ ကို ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။


