ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျ၊ လူ ၁၈ ဦး သေဆုံး

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာ သြဂုတ် ၄ ရက်နေ့က  ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့တာကြောင့် လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက  ဖော်ပြပါတယ်။ အဲဒီ ရဟတ်ယာဉ်ဟာ ခရက်စ်နော့ရက်ဗ်ဒေသ  အီဂါကာမြို့လေးကနေ ပျံတက်ပြီးနောက် လေထဲမှာ တခြားရဟတ်ယာဉ် တစင်းရဲ့ ကုန်သေတ္တာနဲ့ တိုက်မိပြီး ချက်ချင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရဟတ်ယာဉ်ပေါ်မှာ ဒေသတွင်း ရေနံကုမ္ပဏီက ဝန်ထမ်း ၁၅ ဦး နဲ့ ရဟတ်ယာဉ် အမှုထမ်း ၃ ဦးတို့ လိုက်ပါသွားခဲ့ပြီး အားလုံး သေဆုံးခဲ့ပါတယ်။ အခုလို လူ သေဆုံးရတဲ့ ရဟတ်ယာဉ်ပျက်ကျရမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ပျက်ကျရာနေရာကနေ ပျံသန်းစဉ် မှတ်တမ်းတင်တဲ့  flight recorder နှစ်လုံးကို တွေ့ရှိခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up