ဆိတ်အကောင် ၁ဝဝ ကျော်ကြောင့် အမေရိကန်တွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့

ဆိတ်အကောင် ၁ဝဝ ကျော်ကြောင့် အမေရိကန်နိုင်ငံ အီဒါဟိုပြည်နယ်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ သြဂုတ် ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိတ်တွေကြောင့် ဒေသခံတွေရဲ့ မြက်ခင်းတွေနဲ့ ပန်းပင်တွေပါ ပျက်စီးခဲ့ရပါတယ်။ ဆိတ်တွေဟာ သြဂုတ် ၄ ရ က်မနက် ၇ နာရီလောက်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၁၈ ကောင်ရှိတယ်လို့ ဆမ်းမားဝင်းဒရိုက်ဒေသခံတွေက ပြောပါတယ်။ နောက်ပိုင်းမှာမှ ဒီဆိတ်တွေဟာ အနီးအနားမှာရှိတဲ့ မွေးမြူရေးခြံတခုက အပင်တွေကိုရှင်းလင်းဖို့ ငှားရမ်းထားတဲ့ဆိတ်တွေဆိုတာ သိခဲ့ရပါတယ်။ ဒီဆိတ်တွေကို ကင်နဲ့ မက်ဂါဘီကာတို့က ပိုင်ဆိုင်တာဖြစ်ပြီး သူတို့ဟာ ဆိတ်တွေနဲ့အပင်တွေကို ရှင်းလင်းပေးတဲ့ We Rent Goat ဆိုတဲ့လုပ်ငန်းကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီဆိတ်တွေဟာ မွေးမြူရေးလုပ်ငန်းတခုက ငှားရမ်းထားတဲ့အချိန်မှာ လွတ်လာခဲ့တာဖြစ်ပြီး သူတို့ကြောင့် ဒေသခံတွေရဲ့ ပန်းပင်နဲ့မြက်ခင်းများစွာ ပျက်စီးခဲ့ရတယ်လို့လည်း သိရပါ တယ်။ နောက်ပိုင်းမှာမှ သူတို့ကို ပိုင်ရှင်ဖြစ်သူက လာရောက်ဖမ်းဆီးခဲ့ပြီး ဆိတ်အားလုံးဟာ ဘေးကင်းလုံခြုံစွာနဲ့ သူတို့ခြံဆီ ပြန်လည်ရောက်ရှိခဲ့တယ်လို့လည်း UPI သတင်းကဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up