ဂရိနိုင်ငံတွင် တောမီးကြောင့် သေဆုံးသူ ၉၁ ဦး ရှိပြီ

1.4K
ဂရိနိုင်ငံတောမီးကြောင့် အနည်းဆုံး လူ ၉၁ ဦးအထိ သေဆုံးခဲ့ပြီး အဆောက်ဦပေါင်း ရာချီ ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင့် သမိုင်းဝင် Attica Peninsula အရပ်မှာ လေထန်နေတာကြောင့် တောမီးငြှိမ်းသတ်တဲ့လုပ်ငန်း နှောင့်နှေးကြန့်ကြာနေပါတယ်။
အနောက်ဘက်ခြမ်း ကင်နန်တာမြို့ဟာ တောမီးလောင်မှုဒဏ် အဆိုးဆုံး ခံစားခဲ့ရပြီး အဆောက်ဦ ၃ဝဝ မီးကျွမ်းခဲ့ပြီး ၅ဝဝ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါပေမယ့် အချိန်မီ ဘေးလွတ်ရာ ပြောင်းရွှေ့နိုင်တာကြောင့် လူအသေအပျောက် မရှိခဲ့ပါဘူး။
အရှေ့ဘက်ခြမ်း မာသီမြို့ကတော့ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး အဆောက်ဦ ၁,၂ဝဝ ကျော် မီးလောင်ခဲ့ကာ အနည်းဆုံး လူ ၉၁ ဦး သေဆုံးခဲ့ပါတယ်။
ဂရိနိုင်ငံဟာ ဒီနှစ် မေလကစလို့ ပုံမှန်မဟုတ်တဲ့ နွေရာသီကို ကြုံတွေ့ခဲ့ပြီး တောမီးနဲ့ ပြင်းထန်တဲ့ ရာသီဥတုတို့ရဲ့ ဆက်စပ်နေပုံကို ပညာရှင်တွေ စဥ်းစားသုံးသပ်နေပါတယ်။