Home
မြန်မာသတင်း
အတူတကွ မီးဘေးရှောင်နေကြတဲ့ ကြောင်နဲ့ကြက်
DVB
·
August 4, 2018
ကယ်လီဖိုးနီးယားတောမီးကို ငြိမ်းသတ်နေရတဲ့ မီးသတ်သမားတွေဟာ လူနေထိုင်ရာအဆောက်အအုံတွေကို ရှင်းလင်းရင်းနဲ့ အတူတကွ မီးဘေးရှောင်နေကြတဲ့ တိရစ္ဆာန်နှစ်ကောင်ကို ရှာတွေ့ခဲ့တယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။ ကြောင်တစ်ကောင်နဲ့ ကြက်တစ်ကောင်တို့ အတူတကွ မီးဘေးလွတ်မြောက်ရာမှာ ရှောင် နေကြတာဖြစ်ပြီး သူတို့နှစ်ဦးကို မြင်တွေ့ရလို့ မီးသတ်သမားတွေကလည်း အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ကယ်လီဖိုးနီးယားမီးသတ်ဌာနက သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ “အိမ်တအိမ်ရဲ့တံခါးကို ဖွင့်လိုက်တော့ တကောင်နဲ့တကောင်နီးနီးကပ်ကပ်နေထိုင်ပြီး မီး ဘေးရှောင်နေကြတဲ့ ကြောင်တစ်ကောင်နဲ့ ကြက်တကောင်ကို တွေ့ခဲ့ရပါတယ်” လို့လည်း ရေးသားထားပါတယ်။ ဒီနှစ်ကောင်လုံးဟာ မီးလောင်ဒဏ်ရာ အသီးသီးရရှိထားတာတွေ့ရပြီး သူတို့ကို မီးသတ်သမားတွေက ကယ်ဆယ်နိုင်ခဲ့ကာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ခေါ်ဆောင်ပြီး ပြုစုကုသပေးခဲ့တယ်လို့လည်း သိရပါတယ်။ စောင့်ရှောက်ရေးဂေဟာမှာလည်း နှစ်ကောင်လုံးကို အတူတကွ ထိန်းသိမ်းထားတာဖြစ်ပြီး လာမယ့် တရက်နှစ်ရက်အတွင်း သူတို့ရဲ့ ဒဏ်ရာတွေ အပြည့်အဝ ပြန်လည်သက်သာလာလိမ့်မယ်လို့လည်း သိရပါတယ်။ ကောင်းမြတ်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024