Home
မြန်မာသတင်း
မန္တလေးတိုင်း မြို့နယ် ၇ ခုတွင် ၁ လကျော်အတွင်း အမှုပေါင်း ၂ဝဝဝ ခန့် အရေးယူခဲ့
DVB
·
August 4, 2018
မန္တလေးတိုင်းထဲက မြို့နယ် ၇ ခုမှာ တလကျော်အတွင်း မူးယစ်ဆေးဝါးမှု ၅ဝ လောက်အပါအဝင် အမှုပေါင်း ၂ဝဝဝ လောက်အရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မြို့တွင်း ၇ မြို့နယ်မှာ ဇွန်လ ၂၆ ရက်နေ့ကစပြီး သိန်းငှက်စစ်ဆင်ရေးနဲ့ မှုခင်းတွေ ကြိုတင် ကာကွယ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေတာပါ။ စစ်ဆင်ရေးစတဲ့နေ့ကနေ သြဂုတ် ၂ ရက်နေ့အထိ မူးယစ်ဆေးဝါးမှု ၄၈ မှု၊ လက်နက်ပုန်း ၃၂ မှု၊ ရဲကျင့်ထုံး ၅၄ အရ ဖမ်းဆီးခဲ့တာ ၁၄၂ မှု၊ ရဲအက်ဥပဒေအရ ဖမ်းဆီးခဲ့တာ ၇၈၉မှု၊ ယစ်မျိုး ၉ မှု၊ လောင်းကစား ၁၃ မှု၊ မော်တော်ယာဉ် ၈၂၃ မှု၊ ပြည့်တန်ဆာ ၄ မှု၊ ခြေချုပ်နဲ့ခံဝန် ၃ မှု၊ ရုပ်မြင်သံကြား နဲ့ ဗီဒီယို ၁ မှု၊ တရားခံပြေး ၁၆ မှုတို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။ သိန်းငှက်စစ်ဆင်ရေးကို ဇွန်လ ၂၆ ရက်ကနေ စက်တင်ဘာ ၂၃ ရက်အထိ ရက်ပေါင်း ၉ဝ သတ်မှတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024