Home
မြန်မာသတင်း
ရေယာဉ်မောင်းသူများအတွက် သတိပေးချက် ၉ ချက် ရေကြောင်းရဲ ထုတ်ပြန်
DVB
·
August 4, 2018
မိုးရာသီရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်းရေးအတွက် ရေယာဉ် မောင်းသူတွေ သတိပြုဖို့ ဆောင်ရန် /ရှောင်ရန်အချက် ၉ ချက်ကို  ရေကြောင်းရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ မိုးရာသီအတွင်း ရေကြောင်းသွားလာမှု အန္တရာယ် ကင်းရှင်းရေးနဲ့ ရေယာဉ်တွေ ကြပ်မတ်စစ်ဆေး အသိပညာပေးတွေ ဆောင်ရွက်နေတယ်လို့  ရေကြောင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ မိုးရာသီအတွင်း ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်းရေးအတွက် ရေယာဉ်မောင်းနှင်သူတွေအနေနဲ့ ရေကြောင်းရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားတဲ့ အချက်တွေကို တိကျစွာလိုက်နာဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။ ၁။ အရက်သေစာသောက်စားပြီး စက်လှေမောင်းနှင်ခြင်း မပြုရန်။ ၂။ သတ်မှတ်လူဦးရေ၊ ကုန်ချိန်ထက်ပို၍ တင်ဆောင်ခြင်းမပြုရန်။ ၃။ ရာသီဥတုဆိုးရွားပြီး မိုးမှောင်ကျသည့်အခါ အချက်ပြဆက်သွယ်ရန်အတွက် ခရာ၊ ဓာတ်မီး စသည့်အချက်ပြ ကိရိယာများ ယူဆောင်ရန်။ ၄။ အသက်ကယ်ဘောကွင်းများ၊ လှေအကူများထားရှိရန်။ ၅။ ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအတွက် အသက်ကယ်အင်္ကျီ (တစ်ဦးလျှင် တစ်ခုကျစီ) ယူဆောင်ရန်။ ၆။ ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအတွက် အသက်ကယ် လှေ/ဖောင်များ လုံလောက်စွာပါရှိရန်။ ၇။ ရေယာဉ်တွင် ပါရှိရမည့် ပစ္စည်းများ ပြည့်စုံစွာထားရှိရန်။ ၈။ စက်တပ်ရေယာဉ်မောင်းသူများ လိုက်နာရမည့်အချက်များ၊ ရေယာဉ်မောင်းနှင်ခြင်းဆိုင်ရာ ဥပဒေသများနှင့်အညီ မောင်းနှင်ကြရန်။ ၉ ။ စက်တပ်ရေယာဉ်မောင်းသူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်အုပ်ချုပ် သူများအနေဖြင့် အရေးပေါ်ဖြစ်သည့်အခါ လိုက်နာဆောင်ရွက်ရမည့် အချက်များအား သိရှိလိုက်နာဆောင်ရွက်သွားကြရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများအား အခါအားလျော်စွာ ဆောင်ရွက်သွားကြရန်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024