Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယ အပြည်​ပြည်​ဆိုင်​ရာ ဝင်/ထွက်ပေါက်ကို Border Pass စနစ်ဖြင့် ခွင့်ပြု
DVB
·
August 4, 2018
မြန်မာ-အိန္ဒိယ အပြည်​ပြည်​ဆိုင်​ရာ ဝင်/ထွက်ပေါက်ကို Border Pass စနစ်နဲ့ တမူးမြို့အတွင်းနဲ့ မိုးရေးမြို့အတွင်းမှာ ၁၃ ရက်အိပ် ၁၄ ရက်ခရီးသွားခွင့်ပြုမယ်လို့ လဝက ဦးစီးအရာရှိ ဦးတင်ဇော်မြင့်က ပြောပါတယ်။ အခုလက်​ရှိမှာ သမ္မတရုံးခွင့်ပြုချက်၊ ဟိုတယ်နဲ့ခရီး ခွင့်ပြုချက်အပြင် ဧည်လမ်းညွှန်ပါမှ သွားလာခွင့်ရတာပါ။ လာမယ့် သြဂုတ် ၈ ရက်နေ့မှာတော့ မြန်မာ-အိန္ဒိယ နိုင်ငံတကာ နယ်စပ်ဝင်/ထွက်ပေါက် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပဖို့ ရှိနေပါတယ်။ အဲ့ဒီ ဖွင့်ပွဲ ပြီးတာနဲ့ Border Pass Permit စနစ် ၂ မျိုးဖြစ်တဲ့ BP (Border Pass) စနစ်နဲ့  ဖြတ်သန်းသွားလာခွင့် ပေးသွားမယ်လို့လည်း သိရပါတယ်။ မေလ ၁ဝ ရက်နေ့က ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားလို့ ကုန်သည်တွေ အခက်တွေ့နေတဲ့ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့က မြန်မာ-အိန္ဒိယ နယ်စပ် ဝင်/ထွက်ပေါက်ကို Border Pass စနစ်နဲ့ ဖြတ်သန်းသွားလာခွင့် ပြုနိုင်ရေးအတွက်လည်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံမှ နှစ်ဖက်တာဝန်ရှိသူတွေဟာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024