ဘိုင်ယန်ကွင်းလယ်လူ ဗီဒယ်ကို ဘာစီလိုနာ ခေါ်ယူ

1.2K
ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ် ကွင်းလယ်သမား ဗီဒယ်ကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။
၃ နှစ်စာချုပ်နဲ့ ခေါ်ယူတာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခြင်း မရှိပါဘူး။
အသက် ၃၁ နှစ်အရွယ် ဗီဒယ်ကို လာမယ့် ရက်ပိုင်းအတွင်းမှာ စပိန်ကလပ် ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှု ခံယူမှာပါ။
ချီလီ ကွင်းလယ်သမား ဗီဒယ်ဟာ ဂျုဗင်တပ်အသင်းကနေ ၂ဝ၁၅ မှာ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာတာပါ။
ကွင်းလယ်သမား ဗီဒယ်ဟာ ဘိုင်ယန်မြူးနစ်မှာ ၃ နှစ်တာ ကာလအတွင်း ဘွန်ဒတ်စ်လီဂါဖလား၊ ဂျာမန်ဖလားနဲ့ ဂျာမန်စူပါဖလားတွေကို အသင်းနဲ့အတူ ရယူနိုင်ခဲ့ပါတယ်။
သူဟာ ချီလီအသင်းအတွက်တော့ ပွဲပေါင်း ၁ ရာ ကစားပေးထားပါတယ်။