ပြင်းထန်သည့် အပူလှိုင်းကြောင့် ဂျပန်တွင် လူ ၉၆ ဦး သေဆုံး

ဓာတ်ပုံ - iStockphoto
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့လက အပူရှပ်မှုကြောင့် လူ ၉၆ ဦး သေဆုံးခဲ့ပြီး ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းစာရင် ၄ ဆ မြင့်တက်ခဲ့ပါတယ်။ အဲဒီ ပြင်းထန်လှတဲ့ အပူလှိုင်းဟာ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ် အပါအဝင် အရှေ့အာရှနိုင်ငံတွေဆီ ဆက်လက်ဝင်ရောက်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်နိုင်ငံမှာ တိုက်ဖုန်းမုန်တိုင်း ဝင်ရောက်ခဲ့တဲ့အတွက် လေအေးတွေ ဝင်ရောက်ခဲ့ပြီး အပူချိန်ကျဆင်းခဲ့ပေမယ့် သြဂုတ် ၁ ရက်နေ့မှာတော့ အပူချိန်ဟာ ၃၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယားမှာတော့ အပူလှိုင်းကြောင့် လူ ၂၉ ဦး သေဆုံးခဲ့ပြီး ၂ဝဝဝ ကျော် ဆေးရုံတက်ခဲ့ရပါတယ်။ ဆိုးလ်မြို့အပူချိန်ဟာ ၃၈ ဒီဂရီ ဆဲလ်ဆီးယပ်စ်နီးပါး မြင့်တက်ခဲ့ပြီး ၁၉ဝ၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအပူချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းနဲ့ တခြားမြို့တွေမှာလည်း အပူလှိုင်းဒဏ်ကို ကြုံတွေ့ခဲ့ပြီး အထူးသဖြင့် နိုင်ငံမြောက်ပိုင်းဒေသဟာ အဓိက ကြုံတွေ့ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up