လက်နက်ချ အိုက်အက်စ်တပ်ဖွဲ့ဝင်များကို အာဖဂန်မြောက်ပိုင်းသို့ ပြောင်းရွှေ့

အာဖဂန်နစ္စတန်စစ်တပ်ထံ လက်နက်ချ အညံ့ခံတဲ့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွ ဒါဇင်ပေါင်းများစွာကို နိုင်ငံမြောက်ပိုင်းက ဂျော့ဇ်ဂျန်ခရိုင် ရှိဘီယာဂံမြို့ ထိန်းသိမ်းရေးစခန်းဆီ ပြောင်းရွှေ့လိုက်ပါတယ်။ ဒေသတွင်းမှာ အိုင်အက်စ် အစွန်းရောက်အုပ်စုနဲ့ တာလီဘန်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ အရာရှိတဦးက ပြောပါတယ်။ အိုင်အက်စ် စစ်သွေးကြွ အနည်းဆုံး အယောက် ၂ဝဝ လောက် ဒါဇတ်ခရိုင်မှာ ဇူလိုင် ၃၁ ရက်က လက်နက်ချခဲ့တယ်လို့ ခရိုင်ရဲချုပ်က သြဂုတ် ၁ ရက်နေ့မှာ ပြောပါတယ်။ အာဖဂန်မြောက်ပိုင်းက အိုင်အက်စ်တွေရဲ့ အဓိကခြေကုပ်စခန်းဟာ ၁ လကြာ တိုက်ပွဲအပြီး ခုတော့ တာလီဘန်တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတယ်လို့လည်း သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up