တောင်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အပူချိန် အမြင့်ဆုံးစံချိန်ချိုး

ဓာတ်ပုံ - Yonhap
တောင်ကိုရီးယားနိုင်ငံ မြို့ကြီးအတော်များများမှာ မကြုံဘူးလောက်အောင် အပူချိန် မြင့်တက်နေတဲ့အတွက် ၁ လကျော်အတွင်း လူ ၂၉ ဦး သေဆုံးခဲ့ပါတယ်။ မေ ၂၀ ရက်ကနေ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့အထိ ကိုရီးယားနိုင်ငံတဝှမ်း အပူလှိုင်းဖြတ်မှုနဲ့ အပူနောက်ဆက်တွဲ ရောဂါတွေကြောင့် အခုလို လူသေဆုံးမှု ဖြစ်ခဲ့တာပါ။ အပူချိန်ဟာ တောင်ကိုရီးယားနိုင်ငံတဝှမ်းမှာ သြဂုတ် ၂ ရက်နေ့က အမြင့်ဆုံးစံချိန် ချိုးခဲ့ပါတယ်။ ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးစင်တာရဲ့ စာရင်းဇယားတွေအရ ဂန်ဝန်းပြည်နယ် ဟောင်ချန်းမြို့မှာ အပူချိန်ဟာ ဗုဒ္ဓဟူးနေ့က ၄၁ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပါတယ်။ ဆိုးလ်မြို့မှာတော့ ၃၉ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်အထိ ရောက်ခဲ့ပြီး ဒါဟာ ၁၉၀၇ ကနေ အခုချိန်ထိ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အမြင့်ဆုံးစံချိန် ဖြစ်ပါတယ်။ ဒီ့အတွက် ဆိုးလ်မြို့ရှိ လယ်သမားဈေးတွေမှာ လာရောက်ဝယ်ယူသူ အတော်နည်းသွားပြီး ဒေသခံတွေရဲ့ စီးပွားရေးကိုပါ ထိခိုက်နေကြောင်း စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up