အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် မြန်မာက ဖိလစ်ပိုင်ကို ၇ ဂိုး ဂိုးမရှိဖြင့်နိုင်

ဓာတ်ပုံ - MFF
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု က တတိယပွဲစဉ်အဖြစ် မြန်မာနဲ့ ဖိလစ်ပိုင်တို့ ဒီနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၇ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို ပွဲအစ ၂ မိနစ်နဲ့ ၂၉ မိနစ်မှာ နောင်နောင်စိုး၊ ၂၅ မိနစ်မှာ အောင်ကိုဦး၊ ၃၄ မိနစ်မှာ ဇော်ဝင်းသိန်း၊ ၄၆ မိနစ်မှာ ပြည့်ဖြိုးအောင်၊ ၅၃ မိနစ်မှာ ခွန်ကျော်ဇင်ဟိန်းနဲ့ ၇၇ မိနစ်မှာ ဝေယံစိုးတို့က သွင်းယူပေးခဲ့ပါတယ်။ မြန်မာအသင်းဟာ အခုပြိုင်ပွဲမှာ အုပ်စုပွဲစဉ် ၃ ပွဲယှဉ်ပြိုင်အပြီး တီမောကို ၃ ဂိုး ၂ ဂိုးနဲ့နိုင်၊ အိမ်ရှင်အင်ဒိုနီးရှားကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးပြီး အခုပွဲ အနိုင်ရလဒ်ကြောင့် ၃ ပွဲကစား၊ ၂ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ရမှတ် ၆ မှတ် ရထားပါတယ်။ လာမယ့် သြဂုတ် ၄ ရက်နေ့မှာတော့ မြန်မာအသင်းဟာ အုပ်စု စတုတ္ထပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up