တိုက်စစ်မှူး ဟီဂွါအင်ကို အေစီမီလန်ပရိသတ်များ ကြိုဆို

ဓာတ်ပုံ - AFP
အေစီမီလန်အသင်းဆီ ရောက်ရှိလာတဲ့ တိုက်စစ်မှူး ဟီဂွါအင်ကို မီလန်ပရိသတ်တွေက ကြိုဆိုခဲ့ကြပါတယ်။ ရာချီရှိတဲ့ အေစီမီလန် ပရိသတ်တွေဟာ ဟီဂွါအင်တည်းခိုမယ့် ဟိုတယ်ရှေ့မှာ  လာရောက် စောင့်ဆိုင်းနေခဲ့ကြတာပါ။ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွါအင်ဟာ ဂျူဗင်တပ်အသင်းကို စီရော်နယ်ဒို ရောက်ရှိလာတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဟီဂွါအင်အနေနဲ့ ရက်ပိုင်းအတွင်း ဆေးစစ်ပြီး အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ မျှော်လင့်ထားပါတယ်။ အေစီပရိသတ်တွေ ကြိုဆိုနေကြတာ တွေ့ရလို့ ကျေနပ်မိပြီး ဂျူဗင်တပ်ပရိသတ်တွေကိုလည်း နှုတ်ဆက်ချင်တယ်လို့ ဟီဂွါအင်က ပြောကြားခဲ့ပါတယ်။ ဟီဂွါအင်ရဲ့ အပြောင်းအရွှေ့ အစိတ်အပိုင်းတရပ် အနေနဲ့ အေစီမီလန်နောက်ခံလူ ဘိုနုချီက ဂျူဗင်တပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ သိရပါတယ်။

More News
Up