မိုးများ၍ ပျက်စီးသွားသည့် လီဒိုလမ်းမကြီးကို ပြန်လည်ပြုပြင်နေ
DVB
·
August 2, 2018
ကချင်ပြည်နယ်မှာ မိုးများပြီး ပြတ်တောက်သွားတဲ့ ရှင်ဗွေယန်-နန်ယွန်း လီဒိုလမ်းမကြီး ကို အစိုးရက အချိန်ယူ ပြန်လည် ပြုပြင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင်လကုန်ပိုင်းမှာ မိုးများတဲ့အတွက်ကြောင့် ကချင်ပြည်နယ်၊ ရှင်ဗွေယန် -နန်ယွန်း လီဒိုလမ်းမကြီး ပြတ်တောက်ပျက်စီးသွားလို့ လမ်းပန်းဆက်သွယ်ရေးတွေ အခက်အခဲ တွေ့ခဲ့ရ တာပါ။
ဒါကြောင့် လမ်းစပြီးပျက်တဲ့ ဇူလိုင်၂၉ ရက်နေ့ ကတည်းက လမ်းဦးစီးဌာနက လူအင်အား စက်ယန္တရားတွေနဲ့ ပြင်ဆင်ထိန်းသိမ်းရေးစရိတ်ကို အသုံးပြုပြီး ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပျက်တဲ့လမ်းတွေကိုလည်း ပြုပြင်နေသလို တောင်ပြိုတာတွေလဲရှိတာကြောင့် အခု ၅ ရက်ကြာတဲ့အထိ ပြုပြင်နေဆဲဖြစ်လို့ ကားဆိုင်ကယ်သွားလာလို့ မရသေးဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းက ပြောပါတယ်။
အဲဒီ ရှင်ဗွေယန်နဲ့ နန်ယွန်းလမ်းကြားမှာ နှစ်စဉ် မိုးတွင်းကာလတွေမှာ လမ်းမြေပြိုမှုတွေနဲ့ ကြုံနေရတယ်လို့ ဆိုင်ကယ် ကယ်ရီပြေးဆွဲသူတွေက ပြောပါတယ်။