Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 2, 2018
မတ်ပဲ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၁,၀၀၀ ကနေ ၄၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။  မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၇,၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲလွန်းဖြူ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိဿာ ၆၀ ဝင် တအိတ်ကို ၆၆,၉၀၀ ကနေ ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၇,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ကုလားပဲ v2 မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၀,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ မြေပဲလုံးဆံနီ မန္တလေး ကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီက တပိဿာကို ၂,၆၅၀ ကျပ်ကနေ ၂,၈၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၅၀ ကျပ်ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တပိဿာကို ၂,၈၀၀ ကျပ်ကနေ ၂,၈၅၀ ကျပ် ရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းဖြူ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၃၀,၅၀၀ ကျပ်ကနေ ငွေကျပ် ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၂၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။   သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024