အကြမ်းဖက်မှုများကြောင့် ဇင်ဘာဘွေတွင် အရေးပေါ် အခြေအနေ ကြေညာ

ဇင်ဘာဘွေနိုင်ငံမှာ ရွေးကောက်ပွဲအပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ လက်ရှိအချိန်ထိ ရေတွက်ပြီးသွားတဲ့ မဲရလဒ်တွေအရ လက်ရှိအာဏာရပါတီ ဇန်နုပီအက်ဖ် (Zanu PF) ပါတီက အမတ်နေရာ ထက်ဝက်ကျော် ရရှိခဲ့ပြီး အနိုင်ရနေတာပါ။ ရွေးကောက်ပွဲအပြီးမှာ အတိုက်အခံ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား မြို့တော် ဟာရာရဲမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး သြဂုတ် ၁ ရက်နေ့မှာ လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် အာဏာရအစိုးရ ဇန်နုပီအက်ဖ်ပါတီ ခေါင်းဆောင်လည်းဖြစ်၊ ဇင်ဘာဘွေ သမ္မတလည်းဖြစ်တဲ့ မနန်ဂါဂွါက နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ “ဒီနေ့ နေ့လယ်ပိုင်းက မြို့တော် ဟာရဲရာမှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေဟာ အလွန်အံအားသင့် တုန်လှုပ်စရာ ကောင်းပါတယ်။ ဒီလို ငြိမ်းချမ်းရေးကို အနှောင့်အယှက် ပေးတဲ့လုပ်ရပ်၊ မဲပေးတဲ့လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အတိုက်အခံတွေ၊ သူ့ရဲ့မဟာမိတ်တွေနဲ့ ခေါင်းဆောင်ပိုင်းမှာ တာဝန်ရှိတယ်လို့ ပြောလိုပါတယ်။ ဒီနိုင်ငံရေး အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရမှု၊ အဆောက်အဦတွေ ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီနဲ့ ခေါင်းဆောင်ပိုင်းမှာ တာဝန်ရှိပါတယ်။ ဒီလုပ်ရပ်တွေဟာ သူတို့အထောက်အပံ့ကြောင့် ဖြစ်ပွားခဲ့တာပါ။ အတိုက်အခံ မဟာမိတ်ခေါင်းဆောင်ပိုင်း အနေနဲ့ အကြမ်းဖက်မှုကို ထောက်ပံ့နေတာတွေကို ချက်ချင်းရပ်တန့်ပြီး ငြိမ်းချမ်းမှုပြန်ရအောင် ဆောင်ရွက်သင့်ပါတယ်” လို့ ဇင်ဘာဘွေသမ္မတ မနန်ဂါဂွါက ပြောကြားသွားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up