ဇင်ဘာဘွေ မဲရလဒ် အတိုက်အခံ ဆန္ဒပြ၊ လုံခြုံရေးများနှင့် ထိပ်တိုက်တွေ့ပြီး ၃ ဦးသေ

ဇင်ဘာဘွေနိုင်ငံမြို့တော် ဟာရာရဲမှာ ရွေးကောက်ပွဲမဲရလဒ်ကို ဆန္ဒပြတဲ့ အတိုက်အခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ထိပ်တိုက်တွေ့ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုင်ငံပိုင်ရုပ်သံကနေ သြဂုတ် ၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံကို ကာလရှည်အုပ်ချုပ်ခဲ့တဲ့ ရောဘတ်မူဂါဘီ ဖြုတ်ချခံရပြီး ပထမဆုံးကျင်းပတဲ့ ဒီရွေးကောက်ပွဲရလဒ်အပေါ် အတိုက်အခံပါတီကို ထောက်ခံသူတွေက ဒေါသထွက်နေကြပါတယ်။ လက်ရှိအာဏာရ ဇန်နုပီအက်ဖ်ပါတီဟာ လွှတ်တော်ရွေးကောက်ပွဲမှာ အမတ်နေရာ အများစုကို အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲအရာရှိတွေက ပြောကြားထားပါတယ်။ မြို့တော် ဟာရာရဲမှာ ဆန္ဒပြမှုတွေအတွင်း ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်နေချိန်မှာပဲ သမ္မတရွေးကောက်ပွဲ မဲရလဒ်ကို ထုတ်ပြန်ဖို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေက ဇင်ဘာဘွေ ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up