မီးလောင်အဆောက်အဦထဲ ပိတ်မိနေသည့် ကိုယ်ဝန်ဆောင် အပါအဝင် လူ ၅ ဦးကိုကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် စွင်းယီမြို့မှာ သြဂုတ် ၁ ရက်နေ့က မီးလောင်နေတဲ့ လူနေအဆောက်အဦထဲ ပိတ်မိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်တဦး အပါအဝင် လူ ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။ ဒေသစံတော်ချိန် မနက် ၆ နာရီလောက်မှာ အထပ် ၈ ထပ်ရှိတဲ့ လူနေအဆောက်အဦ တလုံး မီးလောင်ခဲ့တာပါ။ မီးလောင်အပြီး ၁ နာရီလောက်အကြာမှာ အဆောက်အဦထဲ ပိတ်မိနေတဲ့ လူ ၅ ဦးကို မီးသတ်သမားတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up