ရုရှားသတင်းသမား ၃ ဦး ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဟု အာဏာပိုင်များ ပြော

အလယ်အာဖရိက သမ္မတနိုင်ငံမှာ ရုရှားသတင်းသမား ၃ ဦး အသတ်ခံခဲ့ရတာဟာ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ အဲဒီသတင်းသမား အမျိုးသား ၃ ဦးဟာ ရုရှားအွန်လိုင်းသတင်းဌာန TsUR က ဖြစ်ပါတယ်။ ဒီသတင်းသမားတွေဟာ ရုရှားနဲ့ဆက်နွှယ်တဲ့ ပြည်သူ့စစ်အဖွဲ့ (ဝါနာ) ရဲ့ လှုပ်ရှားမှုတွေအကြောင်း သတင်းထောက်လှမ်းစုံစမ်းဖို့ အလယ်အာဖရိက သမ္မတနိုင်ငံကို ရောက်ချိန် အသတ်ခံခဲ့ရတာပါ။ သတင်းသမားတွေဟာ မြို့တော်ဘွန်ဂီ မြောက်ဘက် ၁၈၅ မိုင်အကွာက ဆီဘုမြို့နားမှာ အသတ်ခံခဲ့ရတာလို့ ဆီဘုမြို့တော်ဝန်က ပြောပါတယ်။ သတင်းသမားတွေ လိုက်လာတဲ့ယာဉ်ကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ယာဉ်မောင်းတော့ လွတ်မြောက်သွားတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up