အမေရိကန် ရွေးကောက်ပွဲတွင် ရုရှားစွက်ဖက်မှုရှိ မရှိ စုံစမ်းမှု တားဆီးသင့်ဟု ထရမ့် ပြော

President Donald Trump arrives for a campaign rally at Florida State Fairgrounds Expo Hall, Tuesday, July 31, 2018, in Tampa, Fla. (AP Photo/Evan Vucci)
အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာရဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားဝင်ရောက်စွက်ဖက်မှု ရှိ၊ မရှိ၊ စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စတွေကို ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင် အနေနဲ့ တားဆီးသင့်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ ထရမ့်ရဲ့ အခုလို ပြောဆိုချက်ဟာ တရားစီရင်ရေးကို တားဆီးပိတ်ပင်ရာ ရောက်၊ မရောက်နဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်က ရုရှားစွက်ဖက်မှုနဲ့ ပတ်သက်ပြီး အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ကယ်ဖလင်းကို အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးခဲ့ရာမှာ စုံစမ်းစစ်ဆေးမှုတွေကို ရပ်ဆိုင်းဖို့ အဲဒီအချိန်က အက်ဖ်ဘီအိုင် ဒါရိုက်တာဖြစ်သူ ဂျိမ်းကိုမီကို ပြောဆိုခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အက်ဖ်ဘီအိုင် ဒါရိုက်တာ ဂျိမ်းစ်ကိုမီကို ထရမ့်က ရာထူးကနေ ဖယ်ရှားခဲ့တာလည်း တွေ့ရပါတယ်။ ရုရှားစွက်ဖက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အမေရိကန် တရားရေးဌာနက ခန့်အပ်ထားတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာရဲ့ ပထမအဆင့် ကြားနာစစ်ဆေးမှုတွေ စတင်ပြုလုပ်နေတာဖြစ်ပြီး ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မန်နေဂျာဟောင်း ပေါလ် မန်နာဖော့ကို ရုံးတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ ရုရှားနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အားလုံးကို ရပ်ဆိုင်းဖို့ ဒေါ်နယ်ထရမ့်က အရှိန်မြှင့် ကြိုးစားနေတာဖြစ်တယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up