Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ကနေဒါ လူ့အခွင့်အရေးပြတိုက်မှ ဖယ်ရှားခံရ
DVB
·
August 2, 2018
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားကို ကနေဒါနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ပြတိုက်တခုကနေ ဖယ်ရှားခံခဲ့ရတယ်လို့ ဂလိုဘယ်လ်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်းမှာ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပဋိပက္ခ အခြေအနေတွေကြောင့် ဖြစ်တယ်လို့ အဆိုပါ ဝင်နီပက်ဂ်ပြတိုက်က ဆိုပါတယ်။ လက်ရှိမှာတော့ ပြတိုက်တွင်းမှာ တခြားလူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့အတူ ခင်းကျင်းပြသထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူပန်းချီကားကို ဖယ်ထုတ်ပစ်လိုက်ပြီလို့ ပြတိုက်မှ တာဝန်ရှိသူတဦးဖြစ်တဲ့ အဲန်ဂျလာကက်ဆီက ပြောပါတယ်။ ခုလိုဆုံးဖြတ်မှုမလုပ်ခင်မှာ ပြတိုက်အနေနဲ့ ကနေဒါနိုင်ငံမှာရောက်နေတဲ့  ရိုဟင်ဂျာလူမျိုးတွေနဲ့ စကားပြောခဲ့ပြီး သူတို့တွေက ဒေါ်အောင်ဆန်းစုကြည်ပုံတူကို မြင်နေရ တာဟာ လူနည်းစု ရိုဟင်ဂျာတွေအပေါ် သစ္စာဖောက်နေသလို ခံစားနေရတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024