Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမ ၁ ဦး ဘတ်ငွေ  ၆ သန်း ထီပေါက်
DVB
·
August 2, 2018
ထိုင်းနိုင်ငံမှာ သြဂုတ် ၁ ရက်က ဖွင့်လှစ်သွားတဲ့ ၂၉ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာ နခွန်းပထုန်ခရိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမတဦးက ပထမဆု ပေါက်သွားပြီး ထိုင်းငွေ ဘတ်ငွေ ၆ သန်း ရရှိမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုံခရိုင်၊ နခွန်းချိုင်းဆီမြို့နယ်၊ ခွန်ကယောက်ရပ်ကွက်ရှိ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၉ နှစ်ရွယ် မဇင်မာဝင်းဟာ ပြီးခဲ့တဲ့ အားလပ်ရက်က အဆိုပါရပ်ကွက်ထဲရှိ  ဝပ်ဆဝမ်အားလုမ်းကျောင်းတိုက်မှာ ဘုရားသွား ဖူးပြီးနောက် ကျောင်းဝင်းထဲရှိ ဆီမီးခွက်စောင့်ရွှေရောင်နတ်သမီး ရုပ်တုမှာ ထီပေါက်ဂဏန်းပေးဖို့ အာရုံပြုတောင်းဆိုရာမှာ ဝ၂ ဂဏန်းကို မြင်ရတယ်လို့ ကာယကံရှင်က နခွန်းချိုင်းဆီနယ်မြေရဲစခန်း တာဝန်ကျ စခန်းမှူးကို  ပြောပြပါတယ်။ အဲဒီနောက် သူဟာ ဝ၂ ဂဏန်းနဲ့ဆုံးတဲ့ ထီတစ်စောင်ကို ဝယ်ယူခဲ့ကြောင်း၊မနေ့က ထီပေါက်စဉ်တိုက်ကြည့်ရာမှာ သူဝယ်ယူခဲ့တဲ့ ၃၈၆၆ဝ၂ ဂဏန်းမှာ ပထမဆု ပေါက်နေတာကို သိရတဲ့အတွက် အလွန်ဝမ်းသာပျော်ရွှင်ပြီး ချက်ချင်းဘဲ နခွန်းချိုင်းဆီရဲစခန်းကို လာရောက်သတင်းပို့တာလို့ ဆိုပါတယ်။ နတ်သမီးရုပ်တုမှာ ဆုတောင်းရင်း အခြားသူတွေ လည်း ထီပေါက်ခဲ့တာရှိကြောင်း၊ ဒါကြောင့် သူတို့တွေစုပြီး နတ်သမီးကို ပြန်လည်ပူဇော်တဲ့အနေနဲ့     ရွှေ ၂ ဘတ် (၂ ကျပ်သားနီးပါးရှိ) ဆွဲကြိုး ၁ ကုံး၊ ကြက်ဥ ၃၉၉၉ လုံး၊ ငှက်ပျောသီး ၉၉ ဖီးကို သွားရောက်ပူဇော်ပသခဲ့ပြီး ရွှေဆွဲကြိုးကိုတော့ ကျောင်းထိုင်ဆရာတော်က နတ်သမီးကိုယ်စား လက်ခံသိမ်းဆည်းပေးထားတယ်လို့ ချနယ်လ် ၈ ထိုင်းတီဗွီ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024