၁၀၃ မြို့နယ်ပါဝင်သည့် အထက်မြန်မာပြည် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်း

အထက်မြန်မာပြည် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းအတည်ပြုရေး အစည်းအဝေးကို သြဂုတ် ၁ ရက်က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ အထက်မြန်မာပြည်က မြို့နယ်ပေါင်း ၁၀၃ မြို့နယ်က ရွေးချယ်ထားတဲ့ဥက္ကဋ္ဌတွေနဲ့ တာဝန်ရှိသူတွေအားလုံး တက်ရောက်ခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦး ဇော်ဇော်နဲ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်လည်း တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။ အထက်မြန်မာပြည်က ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးက မြို့နယ်ဘောလုံး အဖွဲ့ချုပ်တွေအနေနဲ့ သက်တမ်းအလိုက်လူငယ်ပွဲတွေအပါအဝင် ဘောလုံးပွဲတွေ ကျင်းပသွားမှာ ဖြစ်ပြီး နည်းပြတွေနဲ့ ဒိုင်လူကြီး တွေအတွက် သင်တန်းတွေနဲ့ ကွင်းရုံတွေ တည်ဆောက်ပြုပြင်ဖို့ အတွက်လည်း ဘောလုံးအဖွဲ့ချုပ်ထံ တောင်း ဆိုနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အောက်မြန်မာပြည်က မြို့တချို့အတွက်လည်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွေ ဖွဲ့စည်းပေးထားပြီး အောက်ခြေအဆင့် ပြိုင်ပွဲတွေပိုမိုကျင်းပသွားဖို့ ရည်ရွယ်ထားပါတယ်။ MFF ဘက်က ကနဦးထောက်ပံ့မှုအနေနဲ့ မန္တလေးမြို့နယ်အတွက် ဘောလုံးအလုံးရေ ၃၀၀ နဲ့ တခြားမြို့နယ်တွေအတွက် ဘောလုံး ၂၀၀စီ ပေးအပ်ခဲ့ပါတယ်။ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွေ ဖွဲ့စည်းမယ်ဆိုရင် မြို့နယ်က ဌာနဆိုင်ရာတာဝန်ရှိသူတွေ ရပ်မိရပ်ဖတွေပါဝင်ရမှာဖြစ်သလို တက်သိနားလည်ရှင်တွေအဖြစ် သတ်မှတ်ထားတဲ့ နည်းပြဟောင်း ကစားသမားဟောင်း ဒိုင်လူကြီးဟောင်းတွေနဲ့ဖွဲ့စည်းဖို့ စည်းမျဉ်းသတ်မှတ်ထား ပါတယ်။ သတင်း - HlwanMoeAung

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up