ပိုင်နက်အငြင်းပွားကျွန်းပေါ်တွင် စစ်ရေးလှုပ်ရှားမှု လျှော့ချရန် ရုရှားကို ဂျပန် တောင်းဆို

ရုရှားနဲ့ ဂျပန် ပိုင်နက်အငြင်းပွားနေတဲ့ ကျွန်းတကျွန်းပေါ်မှာ စစ်ရေးလှုပ်ရှားနေတာကို လျှော့ချဖို့ ဂျပန်အစိုးရက ရုရှားအစိုးရကို တောင်းဆိုခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်တ်စုနိုရိ အိုနိုဒဲရက ဇူလိုင် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။ ရုရှားအစိုးရကတော့ ခြိမ်းခြောက်မှု အလားအလာလို့ ရှုမြင်ပြီး တုံ့ပြန်တဲ့အနေနဲ့ ကျွန်းပေါ်မှာ စစ်အင်အား တိုးချဲ့နေတာပါ။ ပိုင်နက်အငြင်းပွား ကျွန်းတွေဟာ ဂျပန်ပိုင်နက် မြောက်ပိုင်းမှာ ရှိပြီး ရုရှားကတော့ ကူရေးစ်ကျွန်းတွေလို့ ခေါ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်ပြည်ထောင်စုက ဂျပန်ဆီကနေ ဒီကျွန်းတွေကို သိမ်းပိုက်ခဲ့တာပါ။ ဂျပန်နဲ့ ရုရှားတို့ ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့် ကျွန်းတွေရဲ့ ပိုင်ဆိုင်မှုကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ရုရှားဝန်ကြီးချုပ် ဒမစ်ထရီ မက်ဗီဒက်ဗ်ကတော့ ဖေဖော်ဝါရီလထဲမှာ အငြင်းပွား ကျွန်းတကျွန်းပေါ်မှာ ရုရှားစစ်လေယာဉ်တွေ တပ်ချထားတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့ ဒုံးကျည်စနစ်ကို ဂျပန်မြေပေါ်မှာ တပ်ချအပြီးမှာ ရုရှားနဲ့ ဂျပန်ကြား ဆက်ဆံရေး မချောမွေ့ ဖြစ်ခဲ့ပါတယ်။ ပိုင်နက်အငြင်းပွားမှု အရေးကို ဆက်ဆွေးနွေးနေပေမယ့် ရုရှားအစိုးရကလည်း ကျွန်းတွေပေါ်မှာ နောက်ဆုံးပေါ် ဒုံးကျည်ကာကွယ်ရေး စနစ်တွေ တပ်ချခဲ့ပြီး ရေတပ် အခြေစိုက်စခန်း တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ စက်တင်ဘာလမှာ ရုရှားအရှေ့စွန်းက ဗလာဒီဗိုစတော့ခ်မြို့မှာ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up