စစ်သည်ရုပ်ကြွင်းများနှင့် ပတ်သက်သည့် အချက်အလက် မြောက်ကိုရီးယား မပေးဟု အမေရိကန် ပြော

၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်သည်တချို့ရဲ့ ရုပ်ကြွင်းတွေကို မြောက်ကိုရီးယားကနေ အမေရိကန်ကို ပြန်ပို့ပေးရာမှာ မြောက်ကိုရီးယားဘက်က သတင်းအချက်အလက်အလက် ပေးတာမျိုး မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေကို ပြန်ပို့ပေးခဲ့ရာမှာ သေတ္တာ ၅၅ လုံးနဲ့ စစ်ခွေးတကောင်ရဲ့ လည်ဆွဲသာ ပါဝင်ခဲ့တာပါ။ အဲဒီသေတ္တာတွေထဲက ရုပ်ကြွင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ အချက်အလက်မျိုး မြောက်ကိုရီးယားဘက်က ပြောကြားတာမျိုး မရှိဘူးလို့ အမည်မဖော်တဲ့ အမေရိကန် စစ်ဘက်တာဝန်ရှိသူတဦးက ပြောပါတယ်။ “သေတ္တာထဲမှာရှိနေတာ ဘယ်သူဘယ်ဝါဆိုတာ ကျနော်တို့မသိဘူး” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်က ဇူလိုင် ၃၁ ရက်နေ့မှာ ပြောကြားခဲ့ပါသေးတယ်။ ကိုရီးယားကျွန်းဆွယ် စစ်ပွဲအတွင်း အမေရိကန်တပ်သား ၇,၇၀၀ ပျောက်ဆုံးသွားခဲ့ပြီး ၅,၃၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေဟာ မြောက်ကိုရီးယားမှာ ရှိနေတယ်လို့ ယူဆရကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up