မြန်မာယူ-၂၃ အသင်းနှင့် တောင်ကိုရီးယား ယူ-၁၉ အသင်း ယနေ့ယှဉ်ပြိုင်မည်

ဓာတ်ပုံ - MFF
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီနေ့ညနေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအတွက် အကြိုပြင်ဆင်တဲ့အနေနဲ့ Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပတာပါ။ ဒီပြိုင်ပွဲမှာ အိမ်ရှင် မြန်မာ ယူ-၂၃ အသင်းနဲ့အတူ တောင်ကိုရီးယား ယူ-၁၉ အသင်း၊ ဘာရိန်း ယူ-၂၃ အသင်းနဲ့ ထိုင်း ယူ-၂၃ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ပြိုင်ပွဲကို သြဂုတ် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ တနေ့နှစ်ပွဲ ကျင်းပမှာဖြစ်ပြီး လေးသင်းပတ်လည် ယှဉ်ပြိုင်ကာ အမှတ်အများဆုံးအသင်း ဗိုလ်စွဲမှာ ဖြစ်ပါတယ်။ ပွဲစဉ်တွေကတော့ ဒီနေ့ညနေ ၃ နာရီမှာ ထိုင်း ယူ-၂၃ အသင်းနဲ့ ဘာရိန်း ယူ-၂၃ အသင်း၊ ညနေ ၆ နာရီမှာ မြန်မာယူ-၂၃ အသင်းနဲ့ တောင်ကိုရီးယားယူ-၁၉ အသင်း၊ သြဂုတ် ၃ ရက်နေ့ ညနေ ၃ နာရီမှာ ထိုင်းယူ-၂၃ အသင်းနဲ့ တောင်ကိုရီးယား ယူ-၁၉ အသင်း၊ ညနေ ၆ နာရီမှာ မြန်မာ ယူ-၂၃ အသင်းနဲ့ ဘာရိန်း ယူ-၂၃ အသင်း၊ သြဂုတ် ၅ ရက်နေ့ ညနေ ၃ နာရီမှာ ဘာရိန်း ယူ-၂၃ အသင်းနဲ့ တောင်ကိုရီးယား ယူ-၁၉ အသင်း၊ ညနေ ၆ နာရီမှာ မြန်မာ ယူ-၂၃ အသင်းနဲ့ ထိုင်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up