ချီလီတွင် တက္ကစီယာဉ်မောင်း ရာနှင့်ချီ ဆန္ဒပြ

ချီလီနိုင်ငံရဲ့ မြို့တော် စန်တီယေဂို မြို့လယ်မှာ တက္ကစီ အငှားယာဉ်မောင်းတွေ ရာနဲ့ချီပြီး ဆန္ဒပြနေတာကို ဇူလိုင် ၃၁ ရက်က တွေ့ရပါတယ်။ အူဘာနဲ့ ကာဘီဖိုင် စတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဖုန်းအပလီကေးရှင်းတွေကနေ တဆင့် လုပ်ငန်းလည်ပတ်မှုကို စည်းကမ်းသတ်မှတ်ဖို့ အစိုးရက တင်သွင်းတဲ့ ဥပဒေမူကြမ်းကို ကန့်ကွက်နေတာပါ။ ဆန္ဒပြဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရခဲ့တဲ့ တက္ကစီကားတန်းကြီးဟာ မြို့တော်ရဲ့ မြို့လယ်တလျှောက် ကီလိုမီတာ အတော်များများ မောင်းနှင်ခဲ့ပြီး သမ္မတနန်းတော် ရှေ့ကနေ ဖြတ်မောင်းခဲ့ကြပါတယ်။ ချီလီနိုင်ငံက ပုံမှန် တက္ကစီတွေရဲ့ အရောင်အတိုင်း အနက်နဲ့ အဝါ ဘောလုံးတွေ၊ အလံတွေကို ကားအများအပြားမှာ ဆင်ယင်ထားပါတယ်။ ကားမောင်းသူတွေက အူဘာနဲ့ ကာဘီဖိုင်း အပလီကေးရှင်းတွေကို တရားမဝင်ဘူးလို့ ရှုမြင်ပြီး ဆန့်ကျင်တဲ့ ပိုစတာတွေ ကိုင်ဆောင်ခဲ့ပါတယ်။ ဆန္ဒပြပွဲကြောင့် မြို့တော်တွင်း လမ်းအတော်များများမှာ ရဲတွေက ယာဉ်သွားလာမှု ကန့်သတ်ပေးခဲ့ရတာပါ။ ဒါပေမယ့် မတော်တဆမှုနဲ့ အကြမ်းဖက်မှုတွေ အစီရင်ခံတာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up