Home
မြန်မာသတင်း
ကျေးလက်ကျန်းမာရေးဆရာမကို ဆေးကုရန်လိမ်ညာပြော၍ တံခါးဖွင့်ခိုင်းကာ ဓားဖြင့်ခုတ်
ပိုင်စိုး
·
August 1, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ ကျေးလက်ကျန်းမာရေး ဆရာမတယောက်ကို ဆေးကုပေးဖို့ လိမ်ညာပြောဆို တံခါးဖွင့်ခိုင်းပြီး  ဓားနဲ့ခုတ်သွားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၂၉ ရက်၊ မနက်အစောပိုင်း ၂ နာရီအချိန်က ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေးရွာ ကျေးလက်ကျန်းမာရေးဆရာမ ဒေါ်ဝါဝါအောင်ဟာ ဆေးပေးခန်းဝင်းထဲက အိမ်မှာ တယောက်တည်းရှိနေတုန်း အမျိုးသားတယောက် ရောက်လာပြီး ကျန်းမာရေး မကောင်းသူကို ဆေးကုပေးဖို့ ပြောဆိုခဲ့ပါတယ်။ နေအိမ်တံခါးဖွင့်ပေးခဲ့ရာမှာ အဲဒီအမျိုးသားက ဒေါ်ဝါဝါအောင်ကို လည်ပင်းညှစ်ပြီး အသင့်ပါလာတဲ့ ဓားနဲ့ခုတ် ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်ဝါဝါအောင်မှာ စိုးရိမ်ရတဲ့ ဦးခေါင်းပြတ်ရှ၊ ယာမျက်ခုံးပေါက်ပြဲ ဒဏ်ရာတွေ ရခဲ့လို့ ဇီးကုန်း တိုက်နယ်ဆေးရုံကို ပို့ခဲ့ပြီး အဲဒီကတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ကုသနေရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျူးလွန်သူ အမျိုးသားကို စုံစမ်းနေဆဲဖြစ်ပြီး ဇီးကုန်းနယ်မြေ ရဲစခန်းမှာ လက်ရောက်မှုကျူးလွန်ဖို့ အိမ်ကျော်နင်းမှု/ ထက်တဲ့လက်နက်နဲ့ ပြင်းထန် နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၃၂၆ နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024