ကယ်လီဖိုးနီးယားတွင် တောမီး ၂ ခု အပြိုင်လောင်ကျွမ်း၊ လူ ၈ ဦး သေဆုံး

ဓာတ်ပုံ - Terray Sylvester/Getty Images
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ တောမီး ၂ ခု အပြိုင်လောင်ကျွမ်းနေလို့ ဇူလိုင် ၃၁ ရက်နေ့ထိ လူ ၈ ဦးသေဆုံးပြီး အိမ်ခြေထောင်ချီ မီးလောင်ခံခဲ့ရပါတယ်။ မန်ဒိုစီနိုနဲ့ လိတ်ခ်မြို့နယ်တွေမှာ ဇူလိုင် ၃၀ ရက် ညက လောင်တဲ့မီးဟာ ဧရိယာ စတုရန်းကီလိုမီတာ ၂၇၇ ထိ လောင်ကျွမ်းခဲ့တာပါ။ ဇူလိုင် ၃၁ ရက်နေ့မှာတော့ အိမ်ခြေ ၁ သောင်းလောက် မီးလောင်ခံရမယ့်ဘေးနဲ့ ရင်ဆိုင်နေရပြီး ဒေသခံ အယောက် ၂ သောင်း ၇ ထောင်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။ မီးသတ်သမားတွေက ကားရ်မြို့ အနောက်စွန်းက မီးဘေးကို ဟန့်တားနိုင်ခဲ့လို့ တခြားလူ ၁ သောင်းလောက်ကိုတော့ ဇူလိုင် ၃၀ ရက်နေ့မှာ သူတို့အိမ်တွေဆီ ပြန်ခွင့်ပြုလိုက်ပါပြီ။ မီးသတ်သမား အယောက် ၁ သောင်း ၂ ထောင်လောက်က မီးကို ကြိုးစားငြှိမ်းသတ်နေဆဲပါ။ တောမီးရဲ့ ၂၃ ရာခိုင်နှုန်းကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ပြီဖြစ်လို့ အခြေအနေပိုကောင်းအောင် လုပ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up