တရုတ်နိုင်ငံခြားရေး ဝမ်ယီ မလေးရှားနှင့် စင်ကာပူသို့ သွားရောက်မည်

တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ဇူလိုင် ၃၁ ရက်ကနေ သြဂုတ် ၅ ရက်နေ့အတွင်း မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကို သွားရောက်လည်ပတ်မယ်၊ အဲဒီနောက် စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေကို တက်မယ်လို့ တရုတ်အစိုးရမီဒီယာ စီစီတီဗွီက အစီရင်ခံပါတယ်။ မလေးရှားနဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်တာလို့လည်း ဆိုပါတယ်။ သူ့ခရီးစဉ်ဟာ မလေးရှား ရွေးကောက်ပွဲအပြီး အကြီးတန်း တရုတ်အရာရှိတယောက်ရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဝမ်ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Plus Three)၊ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ အာဆီယံ ဒေသတွင်း ဖိုရမ်တို့ကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up