အဆိပ်ပြင်းမြွေဟောက် ၁၅ ကောင်နှင့် မကြောက်မရွံ့ အတူအိပ်သည့် အမျိုးသား (ရုပ်သံ)

မြွေလို့ဆိုလိုက်တာနဲ့ လူတွေရဲ့စိတ်ထဲမှာ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ သတ္တဝါတကောင်လို့ ပြေးမြင်မိကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအမျိုးသားကတော့ ထူးဆန်းစွာပဲ မကြောက်မရွံ့ အဆိပ်ပြင်းမြွေဟောက် ၁၅ ကောင်နဲ့အတူ အိပ်စက်ခဲ့ပြီး လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့တာပါ။ ဒီထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို FeedyTV အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့ပြီး အဲဒီအမျိုးသားဟာ ချစ်သူမိန်းကလေးမရှိဘဲ အထီးကျန်မှုကို ဒီမြွေဟောက်တွေနဲ့ နေထိုင်ပြီး ဖြတ်သန်းနေတာလို့ ရေးထားခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကြမ်းပြင်ပေါ်မှာ မြွေတွေနဲ့ လဲလျောင်းနေရင်းကနေ ပွတ်သပ်ကိုင်တွယ်နေခဲ့တာကို အသည်းယားစဖွယ် တွေ့မြင်ကြရမှာပါ။ သတင်းမှာတော့ သူဟာ ဒီလိုနည်းလမ်းနဲ့ စိတ်သက်သာရာရစေဖို့ ကုစားတာမျိုး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up