တရုတ်နိုင်ငံတွင် ယီတိုင်းရင်းသား လူမျိုးစုများ မီးတုတ်ပွဲတော် ကျင်းပ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ပန်ကျိဟွာမြို့က ယီ တိုင်းရင်းသား လူမျိုးစုတွေ မီးတုတ်ပွဲတော် ကျင်းပနေပါတယ်။ ဇူလိုင် ၂၈ ရက်က ကျင်းပတဲ့ ဖွင့်ပွဲအတွင်း တိုင်းရင်းသား ရိုးရာဓလေ့စရိုက်တွေ ပါတဲ့ ပြဇာတ်တွေ ကပြခဲ့သလို ရောင်စုံ ရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ တိုင်းရင်းသားတွေ ကခုန်ခဲ့ကြပါတယ်။ နပန်း၊ လက်ဝှေ့နဲ့ လွန်ဆွဲပွဲတွေကိုလည်း ပွဲတော်အတွင်း ဆင်နွှဲခဲ့ပါတယ်။ ယီတိုင်းရင်းသားတွေဟာ နပန်းပွဲကို ကြိုက်တယ်၊ ဒါဟာ အားစမ်းရုံမကဘူး ဉာဏ်ပညာပါ ပါတယ်လို့ ဝမ်ချိုး နပန်းအသင်းဝင် ကျီဟို့ရိပေါင်က ပြောပါတယ်။ ညဘက်မှာ မီးထွန်းပွဲတော်ကို ဆက်ကျင်းပပြီး ယီတိုင်းရင်းသား ကျေးလက်အကကို မီးပုံဘေးမှာ ကခုန်ခဲ့ကြပါတယ်။

ဒဏ္ဍာရီလာ နပန်းသမားက ကျိုင်းကောင်တွေ အုပ်လိုက်ကျတဲ့ ကပ်ဆိုးကို မီးတုတ်သုံးပြီး နှိမ်နင်းခဲ့တဲ့ အမှတ်တရအနေနဲ့ မီးတုတ်ပွဲတော်ကို ကျင်းပတာလို့ တရုတ်အစိုးရရုပ်သံ စီစီတီဗွီက အစီရင်ခံခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up