အိုဇေးလ်ကို ထောက်ခံကြောင်း ဂျာမနီပရိသတ်များ စုရုံးဆန္ဒပြ

ရာနဲ့ချီတဲ့ ဂျာမနီ ပရိသတ်တွေက ကွင်းလယ်ကစားသမား အိုဇေးလ်ကို ထောက်ခံအားပေးကြောင်း ပြသဖို့ ဘာလင်မြို့မှာ စုရုံး ဆန္ဒပြခဲ့ပါတယ်။ ထောက်ခံသူတွေက ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူသွားတဲ့ ကစားသမား တူရကီနွယ်ဖွား အိုဇေးလ်အပေါ် ဂျာမန်ဘောလုံးအဖွဲ့ချုပ်က လူမျိုးရေးအရ ခွဲခြားတာနဲ့ မလေးမစား ဆက်ဆံမှုတွေအပေါ် ဝေဖန်ခဲ့ပါတယ်။ ဂျာမန် ဘောလုံးအဖွဲ့ချုပ်ကတော့ အိုဇေးလ်နဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ အသက် ၂၉ နှစ်အရွယ် အာဆင်နယ် ကစားသမား အိုဇေးလ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံပြီး ဓာတ်ပုံအတူ တွဲရိုက်ခဲ့ပါတယ်။ အဲဒီအပေါ်မှာ ဂျာမန် နိုင်ငံရေး အသိုင်းအဝန်းတချို့နဲ့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်တို့က ဝေဖန်မှုတွေ လုပ်ခဲ့တာကြောင့် အိုဇေးလ်အနေနဲ့ ဂျာမနီအသင်းကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up