မန်ယူကွင်းလယ်လူ မာတစ် ရာသီအစပွဲစဉ်များကို လွဲချော်မည်

မန်ယူကွင်းလယ်ကစားသမား မာတစ်ဟာ ဒဏ်ရာခွဲစိတ်ကုသဖို့ ရှိတဲ့အတွက် ရာသီအစ ပွဲစဉ်တွေကို လွဲချော်မယ်လို့ နည်းပြ မော်ရင်ဟိုက အတည်ပြုလိုက်ပါတယ်။ မာတစ်ဟာ ဆားဘီးယားနဲ့ ကမ္ဘာ့ဖလား ကစားခဲ့ပြီးနောက် အသင်းရဲ့ အမေရိက ခရီးစဉ်မှာ လာရောက်ပူးပေါင်းခဲ့ပေမယ့် ဝမ်းဗိုက်ပိုင်းနဲ့ပတ်သက်ပြီး ဒဏ်ရာရှိနေတာကြောင့်  အထူးကုဆရာဝန်တဦးနဲ့ ကုသရမယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ မာတစ်အနေနဲ့ ဘယ်လောက်အထိ အနားယူရမယ်ဆိုတာ မသိရသေးပေမယ့် ရာသီအစ ပွဲစဉ်တွေကိုတော့ လွဲချော်မှာဖြစ်ပါတယ်။ မန်ယူအသင်းမှာ စမောလင်းနဲ့ လုခ်ရှောတို့လည်း လီဗာပူးကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ဒဏ်ရာရခဲ့ကြသလို အသင်းခေါင်းဆောင် ဗလင်စီယာနဲ့ ကစားသမားသစ် ဒါလော့တို့ဟာလည်း ဒဏ်ရာရနေလို့ ခံစစ်ပိုင်းမှာ အခက်တွေ့ဖွယ် ရှိနေပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ကစားသမား မစုံသေးတာကြောင့်  တိုက်စစ်ပိုင်းမှာ ဆန်းချက်ဇ်တယောက်ပဲ ရှိနေတယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် ကစားသမားသစ်တွေဝယ်ဖို့ လိုတယ်လို့လည်း နည်းပြမော်ရင်ဟိုက အမေရိက ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up