Home
မြန်မာသတင်း
အောင်ဘာလေထီရောင်းချမှု ကျပ်သိန်းပေါင်း ၇ သောင်းကျော် အခွန်ရရှိ
ပိုင်စိုး
·
July 31, 2018
အခုနှစ် ဇူလိုင်လထဲမှာ အစိုးရ အောင်ဘာလေထီရောင်းချတာကနေ ကျပ်သိန်းပေါင်း ၇ သောင်းကျော် အခွန်ငွေအဖြစ်ရတယ်လို့ ပြန်ကြားရေး သတင်းစဉ်မှာ ဖော်ပြပါတယ်။ ၁၇ ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေထီကို အုပ်ရေပေါင်း ၃,၆၈၁,၈၁၀ ရောင်းချခဲ့ရတာပါ။ ဒါကြောင့်ရောင်းရငွေ စုစုပေါင်းက ကျပ်သိန်းပေါင်း ၁၈၀,၀၀၀ ကျော်ရှိပြီး ဒီထဲက ၄၀ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ်ယူကာ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ထီဖွင့်ပေးတာပါ။ မနက်ဖြန် သြဂုတ် ၁ ရက်နေ့မှာ ခွဲဝေပေးမယ့် ဆုငွေက ကျပ်သိန်းပေါင်း ၇၃၆၄၀ ကျော် ဖြစ်ပါတယ်။ ဒီလမှာ က အက္ခရာကနေ အ အထိ၊ ကက ကနေ ကဌ အထိ အက္ခရာအလုံးရေ ၄၅ လုံး ထုတ်ဝေရောင်းချထားတယ်လို့ သိရပါတယ်။ ကျပ်သိန်း ၁၀၀နဲ့အထက် ကံထူးသူတွေကို သြဂုတ် ၂ ရက်ကစပြီး ဆုငွေ ထုတ်ပေးသွားမှာ ဖြစ်သလို သိန်း ၁၀၀ အောက် ကံထူးရှင်တွေကိုတော့ သြဂုတ် ၁၃ ရက်က စပြီး ရန်ကုန်နဲ့ မန္တလေးက အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေမှာ ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024