အက်ဖ်ဘီအိုင်ဒါရိုက်တာဟောင်းကို တွစ်တာမှတဆင့် ထရမ့် တိုက်ခိုက်ရေးသား

အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားဝင်ရောက်စွက်ဖက်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၉ ရက်နေ့မှာ တွစ်တာကနေ ဆက်တိုက် တိုက်ခိုက်ရေးသားနေတယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။ ထရမ့်ရဲ့ တိုက်ခိုက်ရေးသားချက်တွေထဲမှာ မူလာရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ထရမ့်က နောက်ကြောင်းတွေကို ပြန်ဖော်ရေးသားခဲ့တာပါ။ အက်ဖ်ဘီအိုင် ဒါရိုက်တာဟောင်းဖြစ်တဲ့ ရောဘတ်မူလာဟာ စီးပွားရေး အရှုပ်အရှင်းတွေ အပါအဝင် ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ပဋိပက္ခ ရှိတယ်ဆိုပြီး ထရမ့်က စွပ်စွဲပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် အခုစုံစမ်းစစ်ဆေးမှုမှာ ရောဘတ်မူလာ ပါဝင်နေတာကို တားမြစ်သင့်တယ်လို့ ထရမ့်က ရေးသားခဲ့ပါတယ်။ နောက်ပြီး ရောဘတ်မူလာရဲ့ စုံစမ်းစစ်ဆေးမှု အဖွဲ့ထဲမှာ ထရမ့်ရဲ့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီဝင်တွေကို အများအပြား ထည့်သွင်းထားတာ၊ ရုရှားစွက်ဖက်တဲ့ကိစ္စ စုံစမ်းစစ်ဆေးရာမှာ မှားယွင်းတဲ့ စွပ်စွဲချက်တွေ ပြုလုပ်ခဲ့တယ်လို့လည်း ထရမ့်က ရေးသားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up