ဝါသနာရှင်များအတွက် လေကြောင်းနည်းပညာ ပြပွဲပြိုင်ပွဲကျင်းပမည်
ပြည့်ဖြိုးကျော်
·
July 30, 2018
အခုနှစ်မှာ ကျင်းပမယ့် လေကြောင်းဝါသနာရှင်တွေရဲ့ လေကြောင်းနည်းပညာ ပြပွဲပြိုင်ပွဲမှာ စက်တပ်မော်တာလေယာဉ်တွေရော သရေကြိုးသုံး လက်လှည့်လေယာဉ်ပျံတွေပါ ပါဝင်လာပါတယ်။
မြန်မာနိုင်ငံ လေကြောင်းဝါသနညာရှင်များအသင်းက ဦးဆောင်ကျင်းပမယ့် ပြိုင်ပွဲမှာ ၀င်ပြိုင်မယ့် ၀ါသနာရှင်တွေဟာ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့လယ်ပိုင်းမှာ လေယာဉ်ပျံသန်းမှုနဲ့ တည်ဆောက်မှုအပိုင်းတွေကို ကျိုက္ကဆံအားကစားကွင်းမှာ လေ့ကျင့်နေ ပါတယ်။
ရော်ဘာကြိုးသုံးလေယာဉ်ပြိုင်ပွဲဟာ အခုနှစ်မှ စတင်ကျင်းပတာဖြစ်ပြီးတော့ လေယာဉ်တောင်ပျံနဲ့ ကိုယ်ထည်တွေအားလုံးကို ကိုယ်တိုင်တည်ဆောက်ပြီး ပြိုင်ပွဲဝင်ရမှာပါ။
ပန်ကာပါတဲ့လေယာဉ်၊ အတက်အဆင်းပြုလုပ်နိုင်တဲ့လေယာဉ်၊ ပန်ကာမပါတဲ့ ဂလိုက်ဒါ လေယာဉ်တွေနဲ့ စက္ကူလေယာဉ်ခေါက်ပြိုင်ပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ အရွယ်အစားအတိုင်း လေယာဉ်တည်ဆောက်ရမှာဖြစ်ပြီးတော့ မော်တာလေယာဉ်တွေကိုလည်း တည်ဆောက်ပြီး ပြိုင်ပွဲဝင်နိုင်ပါတယ်။
မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာနက လေကြောင်းပညာနဲ့ လေယာဉ်ပညာတွေကို တရားဝင် အားကစားနည်းအဖြစ် သတ်မှတ်ထားပါတယ်။