A d v e r t i s e m e n t With Us

ဝီလျံနှင့် ကော့တွိုက်စ်ကို ပေါင်သန်း ၁ဝဝ ဖြင့် ရီးရဲလ်မက်ဒရစ် ကမ်းလှမ်း

ဓာတ်ပုံ - Getty
ချဲလ်ဆီး ကွင်းလယ်ကစားသမား ဝီလျံနဲ့ ဂိုးသမား ကော့တွိုက်စ်တို့ကို ပေါင်သန်း ၁ဝဝ ပေးပြီး ရီးရဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းထားတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ရေးသားထားပါတယ်။ အသက် ၂၉ နှစ်အရွယ် ဘရာဇီး ကွင်းလယ်လူ ဝီလျံကို ခေါ်ယူရေးအတွက် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာနဲ့အပြိုင် ကြိုးစားလာတာပါ။ ချဲလ်ဆီးက ဝီလျံကို ရောင်းဈေး ပေါင်သန်း ၇ဝ လောက် သတ်မှတ်ထားပေမယ့် ဘာစီလိုနာအသင်းနဲ့ ဈေးနှုန်းညှိနှိုင်းလို့ အဆင်မပြေ ဖြစ်နေတာပါ။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က ဝီလျံအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဝန်းကျင်နဲ့ ဂိုးသမား ကော့တွိုက်စ်အတွက် ပေါင် ၃၅ သန်းနီးပါး သတ်မှတ်ပြီး ကမ်းလှမ်းဖို့ ကြိုးစားလာတာပါ။ ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်စ် ကိုယ်တိုင်ကလည်း မိသားစုရှိတဲ့ စပိန်ကို ပြောင်းချင်ကြောင်း ပြောဆိုထားပါတယ်။ ချဲလ်ဆီးအနေနဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်ဖြစ်တဲ့ သြဂုတ် ၉ ရက်နေ့ မတိုင်ခင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up