Live
Home
သတင်းဓာတ်ပုံ
ရပ်နားထားသည့် စစ်ကိုင်းတိုင်းလွှတ်တော်အစည်းအဝေးပြန်စ (ဓာတ်ပုံသတင်း)
Aung Ko Latt
·
July 30, 2018
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကို ၁လကျော်ကြာ ရပ်နားခဲ့ပြီး ဒီကနေ့ ဇူလိုင် ၃ဝ ရက်နေ့မှာ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၁ဝဝ ဦးရှိတဲ့အထဲက ၉၆ ဦးတက်ရောက်ပြီး ကိုယ်စားလှယ် ၁ဝ ဦးက ဒေသဖွံဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်း ၁ဝ ခုကို မေးမြန်းခဲ့ကြပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂ နှစ်ခွဲကျော်ကာလအတွင်း ပုံမှန်အစည်းအဝေး ၁၄ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၂ ကြိမ် စုစုပေါင်း ၁၇ ကြိမ်ထိ ကျင်းပနိုင်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းပေါင်း ၇၉၈ ခု၊ ကြယ်ပွင့်မပြ ၃၂၇ ခု၊ အဆို ၂၁ ခုတို့ကို တင်သွင်းခဲ့ပြီး အဆို ၁၇ ခုကို အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီအနေနဲ့ မေးခွန်းမေးမြန်းမှုမှာ မေးခွန်း ၂ဝ ခုအထက်မေးမြန်းသူ ၉ ဦး၊ ၅ ခုအောက်မေးမြန်းသူ ၁၈ ဦးနဲ့ လုံးဝမေးမြန်းခြင်း မရှိသေးသူ ၁ ဦးရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့  မေးခွန်းနည်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်အစည်းအဝေးတွေမှာ ဒေသအကျိုးပြု၊ ပြည်သူ့ အကျိုးပြုမေးခွန်းတွေ မေးမြန်းကြဖို့ လွှတ်တော် ဥက္ကဋ္ဌက သတိပေးပြောကြားထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024