ပဲခူး ကလျာဏီသိမ် ရေဘေးရှောင်စခန်းတွင် ကလေးများအစာအဆိပ်သင့်
နော်နိုရင်း
·
July 30, 2018
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ် ကလျာဏီသိမ်မှာ ဖွင့်လှစ်ထားတဲ့ ရေဘေး ရှောင်စခန်းက ကလေးငယ်တွေ အစာအိပ်သင့်ပြီး ပဲခူးပြည်သူ့ ဆေးရုံကြီးကို တင်ပို့ ကုသပေးရခဲ့ပါတယ်။
အစာအဆိပ်သင့်သူတွေဟာ ရေဘေးရှောင်စခန်းကို လာလှူတဲ့ ရေခဲချောင်းတွေစားမိလို့ ဝမ်းလျောခဲ့တာလို့ ပဲခူးလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောပါတယ်။
“အဲဒါက စနေ၊ တနင်္ဂနွေတုန်းက ရေခဲချောင်းစားလို့ ဝမ်းလျောကြတာပေါ့။ ရေခဲချောင်း လာလှူတယ်။ လှူတာကိုစားတော့ ဝမ်းလျောကြတာပေါ့။ စိုးရိမ်ရတာတော့မရှိပါဘူး။ ”
ရေခဲချောင်းစားမိလို့ ဝမ်းပျက်ဝမ်းလျောဖြစ်တာက ကလေး ၁၅ ဦးနဲ့ လူကြီး ၈ ဦးတို့ပါဝင်ပြီး မနေ့ညက ပဲခူးဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးခဲ့တာပါ။
ပဲခူးမြို့မှာတော့ ဒီကနေ့ ရေအနည်းငယ်ကျသွားပြီဖြစ်ပြီး ရေကျော်နေတဲ့ ကားလမ်း တွေလည်း ရေကျလို့ ကားလမ်းတွေ ပြန်ပေါ်လာပြီလို့ သိရပါတယ်။
ဓာတ်ပုံ - ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့