ဂရိတောမီးကြောင့် သေဆုံးသူ ၉၁ ဦးထိမြင့်တက်၊ ၂၅ ဦး ပျောက်ဆုံးနေ

ဓာတ်ပုံ - VALERIE GACHE/AFP/Getty Images
ဂရိတောမီးကြောင့် သေဆုံးသူဦးရေဟာ ၉၁ ဦးအထိ မြင့်တက်လာခဲ့ပြီး ၂၅ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ဇူလိုင် ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ တောမီးဒဏ် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရာ မာသီ အပန်းဖြေစခန်းမှာ သေဆုံးသူတွေအတွက်  အထိမ်းအမှတ် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့ပြီး လူပေါင်းရာချီ တက်ရောက်ခဲ့ပါတယ်။ ရှို့မီးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အဲဒီတောမီးဟာ ဇူလိုင် ၂၃ ရက်နေ့က စတင်လောင်ကျွမ်းခဲ့ပြီး ရာသီဥတု ခြောက်သွေ့တာရယ် တနာရီ ကီလိုမီတာ ၁ဝဝ အထိ လေတိုက်ခတ်တာရယ်ကြောင့် လျင်လျင်မြန်မြန် ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဂရိအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up