Home
မြန်မာသတင်း
အသံချဲ့ပိတ်ခိုင်းရာမှာ ကျောင်းထိုင်ဆရာတော်နှင့်အုပ်ချုပ်ရေးမှူး အငြင်းပွားမှုဖြစ်
DVB
·
July 30, 2018
ဝါပန်မရလို့ အသံချဲ့စက် ပိတ်ခိုင်းရာမှ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ကြက်ဆူကျင်းရွာ ကျောင်းထိုင်ဆရာတော်က ကျေးရွာအုပ်ချုပ်ရေးမှူးအား ဓာတ်မီးနဲ့ ရိုက်နှက်ခဲ့လို့ ရွာသားတွေက ဘုန်ကြီးကျောင်းကို ခဲနဲ့ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်းကျေးရွာမှာ ဇူလိုင် ၂၈ ရက်နေ့ ည ၇ နာရီလောက်က ရတနာမှန်ကျောင်းထိုင်ဆရာတော် ဦးဓမ္မက ဝါပန်မရလို့ အသံချဲ့စက်ပိတ်ခိုင်းရာက အခုလို အခင်းဖြစ်ပွားခဲ့တာလို့ ရေစကြိုမြို့မစခန်းမှူး ဒုရဲမှူး အောင်ချိုဦးက ပြောပါတယ်။ "ဘုန်ကြီးကျောင်းရဲ့ဘေးနားမှာ မနက်ပိုင်း သံဃာတွေကို ဝါဆိုသင်္ဃန်းကပ်တော့ အသံချဲ့ စက်ဖွင့်ထားတယ်၊ ဘုန်းကြီးတွေက အဲဒီနေ့ညကို ဝါပန်ရတယ်။ အသံချဲ့စက်ဖွင့်ထားတော့ ဝါပန်လို့မရလို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး အသံချဲ့စက်ပိတ်ပေးဖို့ပြောရာ အုပ်ချုပ်ရေးမှူးက ဒါလေးများ ဘုန်းကြီးရာလို့ပြောပြီး ခြေဆောင့်ပြီး ထွက်သွားတဲ့အတွက် ပြန်ခေါ်ပြီး မင်းအဲလိုမျိုး လုပ်လို့ရှိရင် ဘောဇနိယ ကံထိုက်တယ်၊ အဲလိုမလုပ်ရဘူး လို့ပြောရာ တပည့်တော်လည်း အုပ်ချုပ်ရေးမှူးပဲလို့ ပြောလိုက်တဲ့အတွက် ဘုန်းကြီးက စိတ်မထိန်းနိုင်ဘဲ ကိုင်ထားတဲ့ ဓာတ်မီးနဲ့ ရိုက်လိုက်တဲ့အတွက် ဘယ်ဘက်နားထင်စပ် လက္မဝက်လောက်ကွဲ သွားတယ်။ ဘေးနားမှာရှိကြတဲ့ ရွာသူရွာသားတွေ စုရုံးပြီး ဘုန်ကြီးကျောင်းကို ခဲနဲ့ဝိုင်းထု ကြတယ်။ ကျနော်တို့အဖွဲ့ အချိန်မီရောက်သွားပြီး ဘုန်းကြီးကို ခေါ်ဆောင်ကာ သံဃနာယက အတွင်းရေးမှူးဆီကို အပ်ပေးခဲတယ်။" ဖြစ်စဉ်နဲ့ပတ်သတ်လို့ အမှုဖွင့်ထားတာမရှိသေးဘဲ ပြေလည်မှုရရှိဖို့ ဇူလိုင် ၂၉ ရက်နေ့ မနက်က ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေကို ခေါ်ယူပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လဝက၊ SB နဲ့ မြို့နယ် သံဃနာယကတို့ ပူးပေါင်းပြီး ပြေလည်မှုရရှိအောင် ဆောင်ရွက်နေတယ်လို့ ရေစကြို မြို့မရဲစခန်းက ပြောပါတယ်။ သတင်း-မင်းထီး၊ ဓာတ်ပုံ-အောင်ကျော်ဇင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024