ရွှေပါရမီပညာရေးဖောင်ဒေးရှင်း ပညာသင်ဆုချီးမြှင့်ပွဲ သမ္မတတက်ရောက် (ဓာတ်ပုံ)
DVB
·
July 29, 2018
ရွှေပါရမီပညာရေးဖောင်ဒေးရှင်းရဲ့ ၂၀၁၈ ပညာသင်နှစ်အတွက် ဆဌမအကြိမ်၊ တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ပွဲကို ဒီနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ LOTTE ဟိုတယ်မှာ ကျင်းပခဲ့ပြီး သမ္မတ ဦးဝင်းမြင့် တက်ရောက် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၏ ဦးဆောင်ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)က ဂုဏ်ပြုအနုမောဒနာ တရားကို မိန့်ကြားခဲ့ပြီး အလှူရှင် အသီးသီးတို့က ရွှေပါရမီပညာရေးဖောင်ဒေးရှင်းအတွက် အလှူငွေတွေ ပေးအပ်လှူဒါန်း ခဲ့ကြပါတယ်။
ဆုပေးပွဲအခမ်းအနားကို သမ္မတကြီးဦးဝင်းမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အလှူရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့