Home
မြန်မာသတင်း
Startup challenge 2018 နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပ
ထွန်းထွန်းသိန်း
·
July 29, 2018
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းငယ်တွေ ဖန်တီးခွင့်ရမယ့် Startup ပြိုင်ပွဲကို ဇူလိုင် ၂၉ ရက်နေ့က ရန်ကုန်မြို့ ဖန်တီးရာမှာ နောက်ဆုံးအဆင့် ပြိုင်ပွဲကျင်းပခဲ့ပါတယ်။ Startup challenge 2018 ကို အသင်းပေါင်း ၅၁ သင်းက အဖွဲ့ဝင် ၁၃၇ ယောက်ပါက ဝင်ယှဉ်ပြိုင်ခဲ့ပြီး ၉ ရက်တာအတွင်း လုပ်ဆောင်ပြီးစီးမှုကို ဒိုင်လူကြီး ၁၀ ယောက်ရှေ့မှာ တင်ဆက်ပြသခဲ့တာပါ။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဆုရအသင်း ၆ သင်းကို start up အစီအစဉ်တွေ စတင်ဖို့အတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁၅,၀၀၀ နဲ့ ဖန်တီးရာရဲ့ Pre-Accelerator program ကို ဝင်ရောက်ခွင့်ပေးသွားမယ်လို့ ဖန်တီးရာက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024