ဂျပန်တွင် အင်အားပြင်း မုန်တိုင်းတိုက်ခတ်၊ ၁၆ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံမှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ဂျွန်ဒါရီဟာ ၁ နာရီ လေတိုက်နှုန်း ၁၈ဝ ကီလိုမီတာနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ NHK သတင်းအရ သိရပါတယ်။ ဒါ့အပြင် အိမ်ထောင်စု ၁၆ဝ, ဝဝဝ လောက် လျပ်စစ်မီးပြတ်တောက်နေပါတယ်။  ကိုရီးယားလို ဘီလုံးငှက်လို့ အမည်ရတဲ့ တိုင်ဖုန်းမိုင်တိုင်း ဂျွန်ဒါရီဟာ ဂျပန်ကျွန်းမကြီး ဟွန်ရှူးကို ဒီကနေ့ဒေသစံတော်ချိန် မနက် ၁ နာရီကတည်းက ဝင်ရောက်တိုက်ခတ်နေတာပါ။ လက်ရှိမှာ အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်ကျသွားပြီဖြစ်ပေမယ့် မိုးသည်းမှုကြောင့် မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ ဂျပန်မိုးလေဝသ အာဏာပိုင်တွေက ပြောထားပါတယ်။ မုန်တိုင်းဟာ မိုးသည်းမှုနဲ့အတူ  ဂျပန် နိုင်ငံအနောက်ပိုင်းကို ဆက်လက်ရွေ့လျား နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up