Home
မြန်မာသတင်း
ရေကြီးရေလျှံမှုကြောင့် ပဲခူးကို ဖြတ်သန်းသည့် ရထားခရီးစဉ်အားလုံး ရပ်နားထား
ပိုင်စိုး
·
July 29, 2018
ရထားလမ်းတွေရေကျော်နေလို့ ပဲခူးကို ဖြတ်သွားရမယ့် ရထားခရီးစဉ်တွေအားလုံး ရပ်နားထားတယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ရန်ကုန်တိုင်းအမှတ် ၆ ရဲ့ တိုင်းအင်ဂျင်နီယာ ဦးသူရဇော်က “ပဲခူးကို ဖြတ်သွားရမယ့် ရထားတွေအားလုံး ရပ်ထားပါတယ်။ ပဲခူးနဲ့ ရွှေလှေကြားမှာ တနေရာ၊ ဘုရားသုံးဆူနဲ့ တာဝကြားမှာ တနေရာ ရေကျော်နေ ပါတယ်။ ဒိုက်ဦးကနေ နေပြည်တော်ကိုတော့ ပြေးဆွဲနေပါတယ်” လို့ ပြောပါတယ်။ ဇူလိုင် ၂၇ ရက်နေ့က ရထားလမ်းအပေါ်ကို ၂၁ လက်မလောက်ထိ ရေကျော်ခဲ့ပြီး ဒီနေ့မှာတော့ ၁၇ လက်မလောက်ကျော်နေသေးတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီနေ့ ရေကျသွားတဲ့ အခြေအနေ အရ မနက်ဖြန်မှာတော့ ပြန်ပြေးဆွဲနိုင်မယ်လို့လည်း သူက ပြောပါတယ်။ ဒါကြောင့် ရန်ကုန်ကနေ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဘက်ကို ပြေးဆွဲနေတဲ့ ခရီးစဉ်တွေအားလုံး ရပ်နားနေတာပါ။ ရထားစီးခရီးသည်တွေ ဝယ်ယူထားတဲ့ ရထားလက်မှတ်ခတွေကို မြန်မာ့မီးရထားက ပြန်အမ်းပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရန်ကုန်ကနေ ပြည်ဘက်ကို ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေအားလုံး ပုံမှန် ပြေးဆွဲနေတယ်လို့လည်း သူက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024